Global Campaign Against, Burma's 2010 Military Elections
Quick Signup
Join our mailing list.
 
To view Burmese content, please install Zawgyi-One font.
Bookmark and Share

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက်အခမ်းအနားနှင့် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ တကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု အခမ်းအနားကျင်ပ

By Burma Partnership | June 21, 2010

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက်အခမ်းအနားနှင့် နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အပေါ်တမ္ဘာ လုံးဆိုင်ရာလှုပ်ရှားမှုနေ့အကြေင်း ဘင်္ဂလားဒေ့(ခ်ျ)နိုင်ငံ ဒက္ကားမြို့တော်ရှိ အမျိုးသားသတင်းစာရှင်းလင်းပွဲဌာန ခမ်းမကြီးတစ်ခု၌စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် အမျိုးသမီးများ အဖွဲ့ချူပ်(မြန်မာနိုင်ငံ) သဘာပတိ အဖွဲ့ဝင် စောမြရာဇာလင်း မှ သဘာပတိအဖြစ်ဆောင်ရွက် ခဲ့ပြီး ဧည့်သည်များအဖြစ် – Dr. Abul Hossain, Consultant USAID, Brother Jarlath D. Souza, ညွှန်ကြားရေးမှူး- BICPAJ, Ms. Walida Banu, ဥက္ကဌ BSAF နှင့် ညွှန်ကြားရေးမှူး- Aparjeyo, Ms. Rakhi Das Purkayastha, အတွင်းရေးမှူး Bangaladesh Mohila Porishad, နှင့် သတင်းစာရှင်းလင်းရေးဌာန ဒုဥက္ကဌ လည်းဖြစ်- Holiday သတင်းစာ၏ အထူးသတင်းထောက် ကြီးတဦးလည်းဖြစ် Mr. Abdur Rahaman Khan တို့တက်ရောက် ကြပြီး ဘင်္ဂလီလူမျိုးများနှင့် ရခိုင်လူထုများလည်းတက်ရောက် ကြသည်။

အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံရေးအကြောင်းကို အကျုယ်တဝင့် ပြောကြားကြပြီး WLB သဘာပတိ အဖွဲ့ဝင်လည်းဖြစ် ရခိုင်အမျိုးသမီးများအစည်းအရုံး၏ ဥက္ကဌ လည်းဖြစ်သူ ဆရာမစောမြရာဇာလင်းက ဘဝအနစ်နာခံ၍ ခက်ခဲသော နိုင်ငံရေး ခရီးကြမ်းဖြတ်သန်းနေရသော မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းနှင့် မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် ပြုလုပ်သော တကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု အကြောင်းကို မဲရလဒ်များနှင့်တကွ ရှင်းပြသည်။ ထို့အပြင် မတရားဖမ်းဆီးချူပ်နှောင်ခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် ရည်စူး၍ ငှက်ရောင်းသမား များ၏ လောင်ခြိမ့်ငယ်တွင်း၌ ကာလရှည်လျားစွာ နေနေကြရသော ငှက်ငယ်(၁၀) ကောင်ကို လွတ်ပေးလိုက်ကြောင်း သိရပါသည်။ ငှက်လွတ်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းသားများ လွတ်မြောက်ပါစေ ဟုလူပေါင်းများစွာက အသံထွက်၍ ဆန္ဒပြုကြသည်။

အခမ်းအနားသို့ သတင်းထောက်များအပါအဝင် လူ(၈၀) ခန့်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံပြီး နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုခြင်း၊ တိုင်းရင်းသား နယ်မြေများအတွင်း စစ်ဆင် မှုများပြုလုပ်နေသည် ကိုရပ်ဆိုင်းရာ တောင်းဆိုခြင်း နှင့်စစ်မှန်သော ရွေးကောက်ပွဲတခုဖြစ်ပေါ်လာ ရေးအတွက် အဓိကကျသော ခေါင်းဆောင်များစွာပါဝင် သည့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပေးရန် နအဖအစိုးရသို့ ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

Tags: , , , ,

This post is in: Campaign Updates

Contact Us | Privacy Policy  Visit us at the following social networking sites.
Burma Partnership © 2010 Burma Partnership FlickrTwitterYou Tube Facebook